ငါးရံ့ခြောက်ကပေးသော သင်္ခန်းစာ
..
မနက်ကကိုရင်ကြီးနဲ့ကျောင်းသားကကွမ်းခြံကုန်းမှ ဦးဇင်းရဲ့ရဟန်းဒါယိကာမကြီး
ဒေါ်ကျင်သန်းထည့်ပေးလိုက်သည့်
ငါးရံ့ခြောက်ကို မီးဖုတ် ဆီဆမ်းကာဆက်ကပ်ကြပါတယ်။
ဘုန်းပေးမယ်ဆိုပြီးငါးရံ့ခြောက်ပန်းကန်ကိုကြည့်လိုက်တော့ ပုရွက်ဆိတ်တွေက အများကြီးပါပဲ။
ဒါနဲ့ပုရွက်ဆိတ်တွေကိုလက်နဲ့ဖယ်ထုတ်ရင်းစဉ်းစားပါတယ်။
တို့ရဲ့ငယ်ဆရာဘုန်းကြီးကိုသာ ဒါမျိုးကပ်ရင်ကိုရင်ကြီးနဲ့ကျောင်းသား အရိုက်ခံရမှာလို့ တွေးမိပါတယ်။
တွေးနေရင်းနဲ့ ခေါင်းထဲဘာပေါ်လာသလဲဆိုတော့
ငယ်ငယ်ကဖတ်ခဲ့သော
ကြောက်စိတ် စာအုပ်ထဲမှာပါတဲ့
မင်းတုန်းမင်းကြီးငယ်ငယ်က
ဘုန်းကြီးကနေပြီးတော့ ငါးရံံခြောက်သိမ်းခိုင်းထားတာ
ပျောက်သွားလို့ ဘုန်းကြီးက
မင်းဒီငါးခြောက်ပြားလေးတောင်မထိမ်းနိုင်ရင်တိုင်းပြည်ကြီးကို ဘယ်ထိန်းသိမ်းမလဲဆိုပြီး
ပြောလဲပြောရိုက်လည်းရိုက်ပါတယ်။
ဒီအကြောင်းအရာကိုပဲ
ဆရာလုပ်သူကသူ့ရဲ့ကျောင်းသားတွေကိုစာစီစာကုံး ရေးခိုင်းပါတယ်။
ကျောင်းသားအများအစုကတော့
ဆရာ့အာဘော်အတိုင်း ကောင်းပါသည်မှန်ပါသည် ဟုတ်ပါသည် ဒီလိုဆိုဆုံးမခဲ့လို့
မင်းတုန်းမင်းကြီး ဆိုတဲ့ မင်းကောင်းတစ်ပါးပေါ်ပေါက်ခဲ့ကြောင်းရေးကြပါတယ်။ဆရာကလည်းဒီအတိုင်းသင်ခဲ့တာဆိုတော့ ဒီလိုပဲရေးကြရပါတယ်။
အဲဒီအထဲမှာ စာအရမ်းဖတ်တဲ့ တွေးခေါ်မြော်မြင်စဉ်းစားနိုင်စွမ်းရှိတဲ့ကျောင်းသားတစ်ယောက်ကတော့အများသူငါရေးကြသလိုမဟုတ်ပဲမင်းတုန်းမင်းကြီးကို ရိုက်နက်ဆုံးမခဲ့သော
ဘုန်းကြီးမှားပါသည်။
ဘာ့ကြောင့်လည်းဆိုရင် ဘုန်းကြီးသည်သူစားချင်သောငါးရံ့ခြောက်ကြီးပျောက်သွားလို့
ငါးရံ့ခြောက်ကြီးနဲ့ဘုန်းပေးလိုက်မယ်ဟဲ့လို့မှန်းထားသည့် ငါးခြောက်ပေါ်မှာအစွဲအလမ်းကြီးတဲ့ရသတဏှာကြောင့်
မိမိဒေါသကိုမထိမ်းနိုင်သည့်အတွက် မင်းတုန်းမင်းကြီး ဖြစ်လာမည့်
ကျောင်းသားလေးကို အပြင်းအထန်ရိုက်ခြင်းဖြစ်ပါတယ်။
တကယ်ဆို ဘုန်းကြီးသည် ငါးရံ့ခြောက်ကိုဘယ်လိုသိမ်းရင် ဘယ်နေရာမှာ သိမ်းရင်
လုံခြုံမှုရှိတယ်ဆိုတာကို သေချာသင်ပြပေးထားရ
မှာဖြစ်ပါတယ်။
ဒီလိုကလေးဘဝအရွယ်ဆိုတာ သူ့ဥာဏ်မှီသလောက်
သူစဉ်းစားပြီးသိမ်းမှာဖြစ်တယ်။
ဒီအရွယ်တွေမှာဆိုတာဒီလိုဖြစ်တတ်တဲ့ကလေးဘဝ သဘာဝကိုနားလည်ပေးရမှာဖြစ်ပါတယ်၊
ဒီလိုသေချာဘာမှသင်ပြနိုင်ခဲ့ခြင်းမရှိလို့မင်းတုန်းမင်းကြီးလက်ထက်မှာ
အောက်ဗမာပြည်တစ်ခုလုံး အင်္ဂလိပ်လက်အောက်
ကျရောက်နေရခြင်းနှင့် မင်းညီမင်းသားတွေ
အချင်းချင်း မသင့်မမြတ်ဖြစ်ကာ သတ်ဖြတ်နေကြခြင်း
နေရာအာဏာပါဝါလုနေကြခြင်း
စည်းလုံးညီညွတ်မှုမရှိကြခြင်း
အကြောင်းတွေကြောင့် တိုင်းရေးပြည်ရာမကောင်းရခြင်းအကြောင်းတွေကိုကျောင်းသားက သုံးသပ်တင်ပြထားပါတယ်။
ကျောင်းသားရေးတဲ့စာကို ဆရာက
ကျောင်းသားတွေကိုဖတ်ပြခိုင်းလို့
နားထောင်ရတဲ့ကျောင်းသားတွေကသဘောကျကြပါတယ်။
ငါတို့လည်းဒီလိုရေးတတ်ချင်တာ ဒီလိုရေးရဲချင်တာလို့ဖြစ်နေကြပါတယ်။ကျောင်းသားတွေအားလုံးသဘောကျပေမဲ့သဘောမကျတာကတော့ကျောင်းဆရာပါ။
ဘာလို့လည်းဆိုတော့သူကအရိုက်ကြမ်းပါတယ်။
သူကျောင်းသားတွေရိုက်ပြီးတိုင်း
သူရိုက်ရတာမှန်ကန်ကြောင်းကို မင်းတုန်းမင်းကြီးရဲ့ဆရာဘုန်းကြီးနဲ့ သက်သေထူနေကျပါ။
သူရေးစေချင်တာကဒီလိုရိုက်ဆုံးမရတာဟာမှန်ကန်ကြောင်း
သို့သော်လည်း ကျောင်းသားက ဒီလိုရိုက်ပြီးဆုံးမခဲ့လို့
တိုင်းပြည်ညံ့သွားရကြောင်းရေးလိုက်တော့ဆရာဟာအကြီးအကျယ်ပေါက်ကွဲပါတော့တယ်။
အဲဒီတော့ ဆရာဟာကျောင်းသားတွေကို
တစ်ယောက်ခြင်းဆီမေးပါတယ်။
ဒီကျောင်းသားဒီလိုရေးတာ မှားတယ်မို့လားလို့ကြိမ်လုံးကိုင်ပြီးမေးပါတယ်။ကျောင်းသားရေးတာ
မှန်ပါတယ်လို့ဖြေချင်ကြသော်လည်းဆရာရဲ့ နိမိတ်ပြမေးခွန်းနဲ့ ကြိမ်လုံးကိုကြောက်သည့်
အတွက် မှားပါတယ်လို့ တုန်တုန်ရီရီဖြင့်သူငယ်ချင်းရဲ့မျက်နှာကိုမကြည့်ရဲပဲ စိတ်မကောင်းစွာနဲ့ဖြေကြရပါတယ်။
နောက်ဆုံးထောက်ပြဝေဖန်ပြတဲ့ကျောင်းသားကိုမေးပါတယ်။မင်းရေးတာမှားတယ်မို့လားတဲ့
ကျောင်းသားကကျွန်တော်မမှားဘူး
ဆရာကရေးပါဆိုလို့ ကျနော်အမြင် ကျနော်တင်ပြတာ ဆရာကြိုက်သလိုဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ပြောပါတယ်။
အဲဒီလိုပြောပြီးချိန်မှာတော့ ဆရာဟာအကြီးအကျယ်ပေါက်ကွဲကာ သူကိုင်ထားသောကြိမ်လုံးဖြင့်
ကျောင်းသားကိုအချက်ပေါင်းမြောက်များစွာရိုက်ပါတယ်။
ကျောင်းသားကလည်း သူ့ရေးသားချက်ပေါ်မှာ
ယုံကြည်ချက်အပြည့်အဝရှိနေတာမိုတချက်လေးမှတွန့်မသွားခဲ့ပါဘူး။
ဆရာတချက်ရိုက်တိုင်း နှလုံးသားမှာ နာကြင်သွားရတာက တော့ကျောင်းသားတွေဖြစ်ပါတယ်။
တို့သူငယ်ချင်း အနိုင်ကျင့်ခံရတယ်
တို့သူငယ်ချင်းဘက်မှာ ရပ်တည်ပေးသင့်လျက်
မရပ်တည်ပေးရဲတဲ့ကြောက်စိတ်တွေကိုမကြေမနပ်ဖြစ်နေကြပါတော့တယ်။
နောက်တနေ့အဲဒီကျောင်းသား ဒီကျောင်းတော်ကြီးသို့
မလာတော့ပါဘူး။ အခြားတစ်ကျောင်းသို့ ကျောင်းပြောင်းသွားပါတော့တယ်။
အဲဒီငယ်ငယ်ကဖတ်ခဲ့ရတာလေးဟာရင်ထဲမှာစွဲကျန်ရစ်ခဲ့ရတာမို့
တိုက်ဆိုင်မှုတွေရှိတိုင်း အမှတ်ရနေတဲ့
ဆောင်းပါးလေးဖြစ်လေတော့
မနက်ကအဲဒီအကြောင်းအရာလေးတွေခေါင်းထဲပြန်ပေါ်လာပါတယ်။
စာပေဖတ်ခြင်းရဲ့အကျိုးကျေးဇူးကြောင့်ကျောင်းသားတွေ တပည့်တွေကိုရိုက်ခြင်း မာန်မဲခြိမ်းဟောက်ခြင်းတွေကို လုပ်လေ့မရှိပါဘူး။
အကြောင်းမှန်ကိုစဉ်းစားတယ်
စဉ်းစားကြည့်တော့ မနက်ကမှ သူတို့မီးဖုတ်ဆီဆမ်းပြီးလာကပ်တာသူတို့ယူလာစဉ်က
ပုရွက်ဆိတ်တွေ လုံးဝပါလာမှာမဟုတ်ပါဘူး။
ဒါဖြင့်ရင်ဘယ်ကရောက်လာတာလဲ
မနက်က ဦးဇင်းက
ဘုရားရှိခိုးပြီးတရားထိုင်နေတယ်
သူတို့ကဆွမ်းကပ်ဖို့စောင့်နေကြတယ်။
အဲဒီစောင့်နေတဲ့အချိန်မှာ ပုရွက်ဆိတ်တွေကရောက်လာကြတာဖြစ်တယ်။
အဲဒီအဖြေမှန်လေး ရှာဖွေတွေ့သွားတော့
အရာအားလုံးဟာ အဖြမှန်ကိုရအောင်ရှာရင်
အဖြေမှန်ကိုတွေ့ပြီး ငြိမ်းချမ်းတာပါပဲ။
အဖြေမှန်ကိုလိုချင်ရင်
ဒေါသတွေ အမုန်းတရားတွေ
မကျေနပ်မှူတွေကို ဖယ်ပြီးကြည့်နိုင်ရင်တွေ့ရပါတယ်။
မြန်မာပြည်ကြီးလည်း
မေတ္တာကိုအခြေခံ၍ အဖြမှန်တွေ့အောင်ရှာကာ
ဆရာနှင့်တပည့် မိဘနှင့်သားသမီး
အထက်လူကြီးနှင့် အောက်လက်ငယ်သား
အစိုးရနှင့်ပြည်သူအတူတကွလက်တွဲလို့ငြိမ်းချမ်းသော အေးချမ်းသော ဖွံ့ဖြိုးတိုးတက်သော
နိုင်ငံတော်ကြီးဖြစ်အောင်တည်ဆောက်နိုင်ကြပါစေ..
Credit- မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

Comments
Post a Comment