Trend
သင့်ကိုလူတွေက လျစ်လျူရှုထားကြတဲ့ အကြောင်းအရင်း ၆ ချက်
ပြဿနာတခု ဖြစ်ခဲ့ရင်တောင် လူရှေ့သူရှေ့မှာ သူများကိုအပြစ် ပြောနေတယ်ဆိုရင် သင်နဲ့ ပေါင်းမယ့်သူတွေ ရှိမှာ မဟုတ်ပါဘူး
13.9k
တချို့လူတွေဟာ တယောက်နဲ့တယောက် ကော်နဲ့ ကပ်ထားသလို မခွဲတမ်းတွဲမယ့် သူငယ်ချင်းတွေရှိပေမယ့် တချို့တွေကတော့ အပေါင်းအသင်းရှားပါးလွန်းကြပါတယ်။ သင့်ကို သင့်ပတ်ဝန်းကျင်ကလူတွေက လျစ်လျူရှုထား ကြတယ်လို့ ခံစားရရင် ဒီအချက်တွေကို သင်လုပ်မိနေလားဆိုတာ ပြန်သတိထားကြည့်ဖို့ ဖော်ပြပေးချင်ပါတယ်။
(၁) သင်က သူများပြောတာဆို လက်မခံဘူး
သူများပြောတာတွေကို နားမထောင်ဘဲ ကိုယ့်အကြောင်းကိုပဲ တချိန်လုံးထိုင်ပြောနေတဲ့ သူတွေဟာ အရမ်းကို စိတ်ရှုပ်စရာကောင်းပါတယ်။ အဲ့လိုလူတွေကိုဘယ်သူကမှ အချိန်ကြာကြာမပေါင်းချင်ပါဘူး။

(၂) သင်က သူများတွေကို အရမ်းကဲ့ရဲ့တတ်တယ်
လူတကာကိုလိုက်ပြီးတော့ ဝေဖန်ကဲ့ရဲ့တဲ့ သူတွေကို လူတွေ လျစ်လျူရှုကြတာ မဆန်းပါဘူး။ သူများတွေ သူတို့ဘဝနဲ့ သူတို့ ကျေနပ်ပျော်ရွှင်နေတာကို သင်က လိုက်ပြီး ဝေဖန်နေမယ်ဆိုရင် သင့်ကို မုန်းကြမှာ သေချာပါတယ်။
(၃) သင့်ကိုသင် အပြစ်မရှိဘူးလို့ အမြဲယူဆတယ်
သင်ဟာ တခုခုဆို သူများကိုပဲ လွှဲချနေတယ်။ ပြဿနာတခုဟာ သင့်ကြောင့် ဖြစ်ခဲ့ရင်တောင် လူရှေ့သူရှေ့မှာ သူများကိုအပြစ်တွေပြောနေတယ်ဆိုရင် တဖြည်းဖြည်းသင်နဲ့ ပေါင်းမယ်သူတွေ ရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် အပေါင်းအသင်းများချင်တယ်ဆိုရင်တော့ ကိုယ့်အပြစ်ကို ဝန်ခံတတ်တဲ့ အကျင့်လေးရှိဖို့ လိုပါတယ်။
(၄) သင်က တကိုယ်ကောင်းဆန်တတ်တယ် ဆိုရင်
တကိုယ်ကောင်းဆန်တာက လုံးဝကို မကောင်းတဲ့ အကျင့်တခုပါ။ အပေါင်းအသင်းတွေနဲ့ အပြင်သွားရင် သင့်မှာ ပိုက်ဆံရှိရက်နဲ့ ငွေရှင်းခါနီးမသိချင်ယောင်ဆောင်ပြီး နေတာက သင့်ကို လူမုန်းများစေမှာ သေချာပါတယ်။ ပိုက်ဆံတကယ် မရှိလို့ မပေးတာနဲ့ ရှိရက်နဲ့ တကိုယ်ကောင်းဆန်ပြီး မပေးတာ မတူပါဘူး။

(၅) ဘာကိုမှ အရေးကြီးတယ်လို့ သဘောမထားဘူး
တခုခုဆို ချိန်းလိုက်တိုင်းနောက်ကျမယ်။ အစည်းအဝေးတွေရှိနေရင် အလုပ်လာဖို့ နောက်ကျမယ်၊ ဒါမှမဟုတ် အနားနီးမှ ဖျက်လိုက်မယ် ဆိုရင် သူများတွေက သင့်ကို လျစ်လျူရှုထားမှာပါပဲ။ တခါတလေလောက်က ကိစ္စ မရှိပေမယ့် အကြိမ်ကြိမ် အခါခါဆိုရင်တော့ သင်ဟာ သူတပါးကို လေးစားမှု မရှိရာ ကျပါတယ်။
(၆) သင်က ရိုင်းတယ်ဆိုရင်
တကယ်လို့များ သင်ဟာ ရိုင်းရိုင်းစိုင်းစိုင်းပြုမူ နေထိုင်တတ်တယ်။ သူတပါးကို နစ်နာအောင် ပြောဆိုတတ်တဲ့ အကျင့်တွေရှိရင် မြန်မြန်ပြင်ဆင်လိုက်တာကောင်းပါတယ်။ဒီလိုအကျင့်မျိုးရှိတဲ့ သူတွေကို လူကြားသူကြားခေါ်သွားဖို့ လူတိုင်းက ရှက်တတ်ကြပါတယ်။ ဒါ့အပြင် ပြဿနာအကြောင်းအရင်း တစုံတရာရှိတဲ့ အချိန်မှာ တဖက်လူကို နားလည်အောင် မရှင်းပြဘဲ အော်ကြီးဟစ်ကျယ် ရန်ဖြစ်တတ်တဲ့ အကျင့်တွေ ရှိရင်လည်း ပြင်ဆင်သင့်ပါတယ်။
Ref;lifehacks
Topics: လျစ်လျူရှု ခံရခြင်းအကြောင်း
YOUR THOUGHTS …




Comments
Post a Comment