Skip to main content

Posts

Showing posts from December, 2019

လူညံ့ လူဖျင်းတွေ ပြောလေ့ရှိတဲ့အချက်(၁၅)ချက်

လူညံ့ လူဖျင်းတွေ ပြောလေ့ရှိတဲ့အချက်(၁၅)ချက် ( 1 ) ဘွဲ့ရအောင် မနေခဲ့ရလို့ ( 2 ) အလုပ်က အရမ်း ပင်ပန်းတယ် ( 3 ) အချိန်ပြည့် ကျွန်လို လုပ်နေရတာ ( 4 ) လုပ်ရတာနဲ့ ရတဲ့လစာက မတန်ဘူး ( 5 ) မိဘကတောင် ငါ့ကို မငေါက်ဘူး ( 6 ) ချမ်းသာတဲ့အသိုင်းအဝိုင်းမှာလူမဖြစ်ရတာ နာတယ် ( 7 ) ငါက အရမ်းဆင်းရဲတာ ဒါတွေဝယ်နိင်မှာမဟုတ်ဘူး ( 8 ) ထီပေါက်သလို နေ့ခြင်း ညခြင်း ချမ်းသာရင်ကောင်းမယ် ( 9 ) ဘယ်တတ်နိင်မှာလဲ ငါက ကံမှမကောင်းတာ (10) ငါ့မှာ အားပေးမယ့်သူမှမရှိတာ ကြိုးစားနေလဲ အလကားပဲ (11) ဒီအလုပ်ကစည်းကမ်းကြီးလို့ထွက်လာတာ မင်းလဲမလုပ်နဲ့ (12) သူတို့လိုမှ မတော်တာ ငါလုပ့်နိင်ပါ့မလား (13) တစ်ယောက်ယောက်က အလုပ်လာခေါ်ရင်ကောင်းမှာပဲ (14) ငါ့လက်ထဲမှာငွေမှ မရှိတာ ဘယ်လိုလုပ်စီးပွားဖြစ်မှာလဲ (15) ငါလည်း လုပ်နေတာပဲ ဖြစ်မလာတော့ မတတ်နိင်ဘူး ။ ___________________________________ အထက်ပါအချက်တွေနဲ့ဘဝမှာညည်းညူနေရင် မိတ်ဆွေရဲ့ ဘဝက ဘယ်တော့မှ တိုးတက်လာမှာမဟုတ်ဘူး ဒီအကျင့်ဆိုး စရိုက်တွေကို အခုပဲ စွန့်လွှတ်ပြစ်လိုက်ပါ ။ ____________________________________ မိတ်ဆွေ အောင်မြင်မှုဆိုတာ ပန်းတိုင်တစ်ခုပဲ ပန်းတိုင်ဆိုတာ ဦးတည်...

''လူသိနည်းသော သပိတ်ဖုတ်ခြင်း''

''လူသိနည်းသော သပိတ်ဖုတ်ခြင်း'' ---------------------------------- သပိတ်ဖုတ် တာ သိပ်မမြင်ဖူးကြတဲ့လူပုဂ္ဂိုလ်တွေ မြင်ဖူးအောင် ……. သပိတ်ဖုတ်ခြင်း ….. သင်္ကန်းချုပ်ခြင်း …… သင်္ကန်းဖန်ရေဆိုးခြင်း ……. ဒါတွေက မြတ်စွာဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ ရဟန်း တို့ တတ်အပ်တဲ့အတတ်တွေပါ ….. Credit-Hla Min ''လူသိနည်းသော သပိတ်ဖုတ်ခြင်း'' ---------------------------------- သပိတ်ဖုတ် တာ သိပ်မမြင်ဖူးကြတဲ့လူပုဂ္ဂိုလ်တွေ မြင်ဖူးအောင် ……. သပိတ်ဖုတ်ခြင်း ….. သင်္ကန်းချုပ်ခြင်း …… သင်္ကန်းဖန်ရေဆိုးခြင်း ……. ဒါတွေက မြတ်စွာဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ ရဟန်း တို့ တတ်အပ်တဲ့အတတ်တွေပါ ….. Credit-Hla Min
ငါးရံ့ခြောက်ကပေးသော သင်္ခန်းစာ .. မနက်ကကိုရင်ကြီးနဲ့ကျောင်းသားကကွမ်းခြံကုန်းမှ ဦးဇင်းရဲ့ရဟန်းဒါယိကာမကြီး ဒေါ်ကျင်သန်းထည့်ပေးလိုက်သည့် ငါးရံ့ခြောက်ကို မီးဖုတ် ဆီဆမ်းကာဆက်ကပ်ကြပါတယ်။ ဘုန်းပေးမယ်ဆိုပြီးငါးရံ့ခြောက်ပန်းကန်ကိုကြည့်လိုက်တော့ ပုရွက်ဆိတ်တွေက အများကြီးပါပဲ။ ဒါနဲ့ပုရွက်ဆိတ်တွေကိုလက်နဲ့ဖယ်ထုတ်ရင်းစဉ်းစားပါတယ်။ တို့ရဲ့ငယ်ဆရာဘုန်းကြီးကိုသာ ဒါမျိုးကပ်ရင်ကိုရင်ကြီးနဲ့ကျောင်းသား အရိုက်ခံရမှာလို့ တွေးမိပါတယ်။ တွေးနေရင်းနဲ့ ခေါင်းထဲဘာပေါ်လာသလဲဆိုတော့ ငယ်ငယ်ကဖတ်ခဲ့သော  ကြောက်စိတ် စာအုပ်ထဲမှာပါတဲ့ မင်းတုန်းမင်းကြီးငယ်ငယ်က ဘုန်းကြီးကနေပြီးတော့ ငါးရံံခြောက်သိမ်းခိုင်းထားတာ ပျောက်သွားလို့ ဘုန်းကြီးက မင်းဒီငါးခြောက်ပြားလေးတောင်မထိမ်းနိုင်ရင်တိုင်းပြည်ကြီးကို ဘယ်ထိန်းသိမ်းမလဲဆိုပြီး ပြောလဲပြောရိုက်လည်းရိုက်ပါတယ်။ ဒီအကြောင်းအရာကိုပဲ ဆရာလုပ်သူကသူ့ရဲ့ကျောင်းသားတွေကိုစာစီစာကုံး ရေးခိုင်းပါတယ်။ ကျောင်းသားအများအစုကတော့ ဆရာ့အာဘော်အတိုင်း ကောင်းပါသည်မှန်ပါသည် ဟုတ်ပါသည် ဒီလိုဆိုဆုံးမခဲ့လို့ မင်းတုန်းမင်းကြီး ဆိုတဲ့ မင်းကောင်းတစ်ပါးပေါ်ပေါက်ခဲ့ကြောင်းရေးကြပါတယ်။ဆရာကလည်းဒီအတိုင...

အစိမ်းစားခြင်းကို ရှောင်ကြဉ်သင့်တဲ့ အစားအစာ ၅ မျိုး

အစိမ်းစားခြင်းကို ရှောင်ကြဉ်သင့်တဲ့ အစားအစာ ၅ မျိုး အစိမ်းမစားသင့်တဲ့ အစားအစာများ နေ့စဉ်စားသုံးနေတဲ့ အသီးအနှံတွေထဲမှာ ချက်ပြုတ်ပြီးမှ စားသုံးကြတဲ့ အစားအစာတွေလည်း ရှိသလို အစိမ်းစားကြတဲ့ အစားအစာတွေလည်း ရှိပါတယ်။ ဘယ်လို အစားအစာမျိုးတွေကတော့ အစိမ်းမစားသင့်ဘူးလဲ ဆိုတာ ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ကျန်းမာရေး ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ (၁) ပဲသီး ပဲသီး အမျိုးအစား တော်တော်များများမှာ amino acid ပါဝင်တာကြောင့် အစိမ်းစားတဲ့အခါ ဗိုက်နာတာမျိုးနဲ့ အစာအိမ်မှာ မအီမသာ ခံစားရတာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ (၂) မှို လူအများစုဟာ မှိုစားသုံးရတာကို ကြိုက်နှစ်သက်ကြပြီး မှိုမှာ ပါဝင်တဲ့ microbes ဆိုတဲ့ ဓာတ်ဟာ ကြော်စား၊ ချက်စားတာ မျိုးတွေမှာ ပြဿနာ မရှိပေမယ့် အစိမ်းစားမယ်ဆိုရင်တော့ အစာအဆိပ်သင့်တာမျိုးနဲ့ အစာအိမ်နာကျင်ခြင်းတွေကို ခံစားရစေနိုင်ပါတယ်။ (၃) ခရမ်းသီး မချက်ပြုတ်ရသေးတဲ့ ခရမ်းသီးတွေမှာ solanine ဓာတ် ပါဝင်မှုများပြားတာကြောင့် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ အစာအိမ်၊ အူ ရောင်ရမ်းမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် solanine ဓာတ်ဟာ ခန္ဓာကိုယ်တွင်းက ကယ်လ်ဆ...

သင့်ကိုလူတွေက လျစ်လျူရှုထားကြတဲ့ အကြောင်းအရင်း ၆ ချက်

Trend သင့်ကိုလူတွေက လျစ်လျူရှုထားကြတဲ့ အကြောင်းအရင်း ၆ ချက် ပြဿနာတခု ဖြစ်ခဲ့ရင်တောင် လူရှေ့သူရှေ့မှာ သူများကိုအပြစ် ပြောနေတယ်ဆိုရင် သင်နဲ့ ပေါင်းမယ့်သူတွေ ရှိမှာ မဟုတ်ပါဘူး 13.9k တချို့လူတွေဟာ တယောက်နဲ့တယောက် ကော်နဲ့ ကပ်ထားသလို မခွဲတမ်းတွဲမယ့် သူငယ်ချင်းတွေရှိပေမယ့် တချို့တွေကတော့ အပေါင်းအသင်းရှားပါးလွန်းကြပါတယ်။ သင့်ကို သင့်ပတ်ဝန်းကျင်ကလူတွေက လျစ်လျူရှုထား ကြတယ်လို့ ခံစားရရင် ဒီအချက်တွေကို သင်လုပ်မိနေလားဆိုတာ ပြန်သတိထားကြည့်ဖို့ ဖော်ပြပေးချင်ပါတယ်။ (၁) သင်က သူများပြောတာဆို လက်မခံဘူး သူများပြောတာတွေကို နားမထောင်ဘဲ ကိုယ့်အကြောင်းကိုပဲ တချိန်လုံးထိုင်ပြောနေတဲ့ သူတွေဟာ အရမ်းကို စိတ်ရှုပ်စရာကောင်းပါတယ်။ အဲ့လိုလူတွေကိုဘယ်သူကမှ အချိန်ကြာကြာမပေါင်းချင်ပါဘူး။  (၂) သင်က သူများတွေကို အရမ်းကဲ့ရဲ့တတ်တယ် လူတကာကိုလိုက်ပြီးတော့ ဝေဖန်ကဲ့ရဲ့တဲ့ သူတွေကို လူတွေ လျစ်လျူရှုကြတာ မဆန်းပါဘူး။ သူများတွေ သူတို့ဘဝနဲ့ သူတို့ ကျေနပ်ပျော်ရွှင်နေတာကို သင်က လိုက်ပြီး ဝေဖန်နေမယ်ဆိုရင် သင့်ကို မုန်းကြမှာ သေချာပါတယ်။ (၃) သင့်ကိုသင် အပြစ်မရှိဘူးလို့ အမြဲယူဆတယ် သင်ဟာ တခုခုဆို သူများကိုပဲ လွှဲခ...